Sunday, May 1, 2011

ကမ္မဋ္ဌာန်းလေးဆယ်ကို ပညတ်+ပရမတ် ခွဲခြားပုံ

ကသိုဏ်းတစ်ဆယ်၊ အသု ဆယ်တည်း၊

တစ်သွယ် ကောဋ္ဌာ၊ အာနာပါန၊

ဗြဟ္မ၀ိဟာ ၊ ဤလေးဖြာနှင့်၊

နှစ်ဖြာ အာရုပ္ပ၊ ပ နှင့် တ ဟု၊

ပေါင်းစု ရေလစ်၊ နှစ်ဆယ့်ရှစ်သည်၊

မှတ်လစ် ပညတ် အာရုံတည်း။

ကသိုဏ်း ၁၀ ပါး၊ အသုဘ ၁၀ ပါး၊ ကောဋ္ဌာသ ၁ ပါး၊ အာနာပါန ၁ ပါး၊ ဗြဟ္မ၀ိဟာရတရား ၄ ပါးမှ အာကာသာနဉ္စာယတန နှင့် အာကိဉ္စညာယတန ၂ ပါး အားဖြင့် ကမ္မဋ္ဌာန်း ၂၈ ပါးသည် ပညတ်အာရုံဖြစ်ကြ၏


ကာယဂတာ၊ အာနာပါကို၊

ချန်ကာထားဘိ၊ နှုဿတိ ရှစ်ဖြာ၊

အာဟာရာ ဟု၊ ဓာတု ၀၀တ္ထာန်၊

နှစ်တန် အာရုပ္ပ၊ ဒု နှင့် စ ဟု၊

ပေါင်းစု ရေလစ်၊ တစ်ဆယ့်နှစ်သည်၊

မှတ်လစ် ပရမတ် အာရုံတည်း။

ကာယဂတာသတိ နှင့် အာနာပါန ကို ချန်ထားသော အနုဿတိ ၈ ပါး၊ အာဟာရေ ပဋိကူလသညာ ၁ ပါး၊ စတုဓာတု ၀၀တ္ထာန် ၁ ပါး၊ ကြွင်းသော အရူပဈာန် ၂ ပါး အားဖြင့် ကမ္မဋ္ဌာန်း ၁၂ ပါးသည် ပရမတ်များ ဖြစ်ကြ၏

ဥပစာရ ကမ္မဋ္ဌာန်း နှင့် အပ္ပနာ ကမ္မဋ္ဌာန်း

ကာယဂတာ၊ အာနာပါကို၊ ချန်ကာထား၍၊ ကြွင်းငြား ရှစ်ရှိ၊ နုဿတိနှင့်၊ ပဋိကူလံ၊ ၀၀တ္ထာန်ဟု၊ ဆယ်တန်ပွားက၊ ဥပစာရ၊ မုချ ရနိင်သည်။

ကြွင်းသုံးဆယ်မှာ၊ အပ္ပနာ ၊ မှန်စွာ ရနိုင်သည်။

( ၀ိသုဒ္ဓိ၊ ၁ ၊ ၁၀၇ )

ဈာန်ဖြင့် ဝေဖန်ခြင်း

ကသိုဏ်းဆယ်ဖြာ၊ အာနာပါ၊ လေးဖြာ ဈာန်ရသည်။

ပရိကမ္မနိမိတ်၊ ဥဂ္ဂဟနိမိတ်၊ ပဋိဘာဂနိမိတ် သုံးပါး ရသော/ မရသော ကမ္မဋ္ဌာန်းများ

ကသိုဏ်းဆယ်ဖြာ၊ အသုဘာတည့်၊ အာနာပါန၊ ကာယကို ချန်၊ ကျန် နုဿတိ၊ ပွားများဘိ၊ ပဋိဘာဂ၊ ရနိုင်သည်။

ကြွင်းဆယ့်ရှစ်မှာ၊ ပဋိဘာ၊ ဘယ်ခါ မရပြီ။

ပရိကမ္မ၊ ဥဂ္ဂဟ မရ မရှိပြီ။


( ၀ိသုဒ္ဓိ ၊ ၁ ၊ ၁၀၉ )

No comments:

Post a Comment