Tuesday, November 2, 2010

သံဝေဂလင်္ကာ- ရှစ်ပုဒ်

၁ ။ နုနယ် ရုပ်ဆင်း၊ ပျိုမျစ်ခြင်း ကား ၊ အိုမင်းနောက်ဆုံး ရှိချေ၏ ။
၂ ။ ဥစ္စာဆင်မြင်း ၊ ပေါများခြင်းကား ၊ ယိုယွင်း နောက်ဆုံးရှိချေ၏ ။
၃ ။ ဝိညာဉ် ထင်လင်း ၊ အသက်ရှင်ခြင်းကား ၊ သေခြင်းနောက်ဆုံး ရှိချေ၏ ။
၎ ။ ချစ်ခင်ပေါင်းသင်း ၊ ဆက်ဆံခြင်းကား ၊ ကွေကွင်းနောက်ဆုံး ရှိချေ၏။
၅ ။ တက်ကြွားကြွကြွ ၊ မြင်သမျှကား ၊ လျှောကျနောက်ဆုံး ရှိချေ၏။
၆ ။ ခုံမင်ခယ ၊ ချစ်သမျှကား ၊ သောက နောက်ဆုံး ရှိချေ၏ ။
၇ ။ ပွဲလယ်ပြင်ပ ၊ ချီးမွှမ်းသမျှ ၊ ရှုတ်ချ နောက်ဆုံး ရှိချေ၏ ။
၈ ။ ကြည်သာ ရွှင်ပျ ၊ ချမ်းသာလှလည်း ၊ ဒုက္ခ နောက်ဆုံး ရှိချေ၏။

No comments:

Post a Comment